မြန်မာနှင့် Vietnam-Malaysia Business Association တို ပိုကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေး


ဖေဖော်ဝါရီ ၁၅

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်း က Vietnam-Malaysia Business Association ဒုတိယဥက္ကဋ္ဌ Ms. Van Nguyen ကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက မြန်မာသံရုံးမှာ လက်ခံတွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

တွေ့ဆုံစဉ်မှာ Vietnam-Malaysia Business Association မှ ကမ်းလှမ်းလာတဲ့ မြန်မာ့ဆန်တန်ချိန် ၁၅၀,၀၀၀ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို တင်ပိုရေးနှင့် စပ်လျဉ်းပြီး စေ့စပ်ညှိနှိင်းလိုသည်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။

ဒါ့အပြင် Vietnam-Malaysia Business Association မှ လတ်တလော ဆောင်ရွက်နေတဲ့ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတိုအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် တတိယနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ စေ့စပ်ညှိနှိင်းနေမှုများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။

Vietnam-Malaysia Business Association ရဲ့ ဒုတိယဥက္ကဋ္ဌမှ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုတဲ့ ကဏ္ဍများရှိပါက ၎င်းတို့အဖွဲ့အစည်းကို အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပိုကုန်သွင်းကုန်လုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။