မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နယ်မြေ (၆)ရှိ နှစ်ထပ်အိမ် တစ်လုံးမီးလောင်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၁၅

ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နယ်မြေ (၆)ရှိ ပထမလီဆူနှစ်ခြင်းအသင်းတော် ဘုရားကျောင်း၏ အနောက်ဘက်ခြမ်းရှိ နှစ်ထပ်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်းမှုမှာ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း ဒေသခံများထံမှသိရှိရပြီး မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ၎င်းမီးလောင်ရာသို့ ကူညီရန်သွားရောက်ခဲ့သည့် မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူထံမှ သိရှိရသည်။

PAN