မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမရှိ အိမ်ခန်းတန်းလျားတစ်ခုတွင် အကြမ်းဖက် KIA/PDF အဖွဲ့ဝင်များ ဖမ်းဆီးရမိ


ဖေဖော်ဝါရီ ၁၅ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမရှိ အိမ်ခန်းတန်းလျားတစ်ခုအကြမ်းဖက် KIA/PDF အဖွဲ့ဝင်လူငယ် ၃ ဦး၊ တည်းခိုနေထိုင်ကြောင်း တာဝန်သိပြည်သူများ၏ လျှိုက်ဝှက်သတင်းပေးပို့မှုကြောင့် သွားရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၄ နာရီချိန်တွင် သက်ဆိုင်ရာလုံခြုံ‌ရေးအဖွဲ့ဝင်များက အဆိုပါအကြမ်းဖက်အဖွဲ့ဝင် ၃ ဦးကို သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများမှာ ဇော်ဒီးအောင်၊ အသက် ၃၀ နှစ်၊ အာဝူ၊ အသက် ၂၅ နှစ်၊ လီဆူလူငယ်(အမည်စုံစမ်းဆဲ)တို့ ဖြစ်ကြောင်း သိရှိရပြီး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

PAN