မန်ယူအသင်းရဲ့ ရှယ်ယာပိုင်ရှင် တရားဝင်ဖြစ်လာတဲ့ ရက်ကလစ်ဖ်

ဖေဖော်ဝါရီ ၁၅

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာရှင်ကိစ္စနဲ့ပတ်သက်တဲ့ စာရွက်စာ တမ်းတွေကို စစ်ဆေးခဲ့ပြီးနောက် ရက်ကလစ်ဖ်ရဲ့ ရှယ်ယာရှင်ဖြစ်လာဖို့ တင်သွင်းချက်ကို ဖေဖော်ဝါရီ(၁၃)ရက်မှာ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။

ရက်ကလစ်ဖ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာ(၂၅)ရာခိုင်နှုန်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ(၂၄)ရက်နေ့ ကတည်းက ဝယ်ယူခဲ့တာဖြစ်ပေမယ့် ရှယ်ယာရှင်အဖြစ် တရားဝင်သတ်မှတ်ခံရဖို့အတွက် ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှုတွေကို ခံယူခဲ့ရတာပါ။ ရက်ကလစ်ဖ်ဟာ အားကစားနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်တာ ကြောင့် မန်ယူအသင်းအတွက် ကောင်းမွန်တဲ့အရာတွေကို သယ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မန်ယူအသင်းနည်းပြတန်ဟတ်က ပြောခဲ့ပါတယ်။

မန်ယူအသင်းရဲ့ အားကစားဒါရိုက်တာ ရာထူးကို ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ အင်နီယို့စ်မှာ ဒါရိုက်တာအဖြစ် လုပ်ဆောင်နေတဲ့ ဘရေးစဖို့ဒ်က တာဝန်ယူ သွားမယ်လို့ သိရပါတယ်။

ရက်ကလစ်ဖ်အနေနဲ့ မန်ယူအသင်းကို တရားဝင်စီမံခွင့်ရပြီဖြစ်လို့ အမေရိကန်ဒေါ်လာ သန်း(၃၀၀)ကိုလည်း အသင်းအတွက် ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်နေပါတယ်။