ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၈ သန်း‌ ထပ်မံရောင်းချပေး”


ဖေဖော်ဝါရီလ ၁၅

ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၈ သန်း‌ ထပ်မံရောင်းချပေးထားကြောင်း သိရပါတယ်။

ယခု ဖေဖော်ဝါရီလအတွင်းမှာ ဗဟိုဘဏ်မှ နိုင်ငံခြား ငွေကြေး ဈေးကွက်အတွင်းသို အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၈ သန်း ရောင်းချပေးထားပြီး ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၉၃ သန်း၊ ဖေဖော်ဝါရီလမှာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၈ သန်း၊ ထိုင်းဘတ် ၃၁၃ ဒသမ ၅ သန်းနှင့် တရုတ်ယွမ် ၄ သန်း တိုကို နိုင်ငံခြား ငွေကြေးဈေးကွက် အတွင်း ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။

ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာ ၃,၅၄၀ ကျပ်၊ ထိုင်းတစ်ဘတ် ၉၇ကျမှ ၉၉ ကျပ်အတွင်းနှင့် တရုတ်တစ်ယွမ် ၄၈၀ ကျပ်မှ ၄၉၀ ကျပ်အတွင်း ဈေးပေါက်နေကြောင်း သိရပါတယ်။