ကလပ်ကစားသမားဘ၀ ပွဲ(၁၀၀၀)ပြည့်မြောက်ပွဲတွင် သွင်းဂိုးရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို

ဖေဖော်ဝါရီ ၁၅

ယနေ့နံနက် အစောပိုင်းက ကစားခဲ့တဲ့ AFC အာရှချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွင် Al Nassr အသင်းက Al- Fayha အသင်းကို ရော်နယ်လ်ဒို၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းလည်း သိရပါတယ်။

အဆိုပါသွင်းဂိုးကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ကလပ်ကစားသမားဘ၀ပွဲပေါင်း (၁၀၀၀)ပြည့်မြောက်တွင် သွင်းဂိုးရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ (၂၃) နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်သည့်ကစားသမားအဖြစ် မှတ်တမ်းသစ်ထပ်မံ ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကလပ်ကစားသမားဘ၀ ပွဲ(၁၀၀၀)တွင် (၇၄၆)ဂိုးသွင်းယူထားနိုင်ပြီး (၂၁၄)ဂိုးဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။