၂၀၂၃ ခုနှစ်အတွင်း ရုရှားနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့


ဖေဖော်ဝါရီ ၁၄

ရုရှားနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြုလုပ်သော စီးပွားရေး ကိစ္စရပ်များဆိုင်ရာ အစိုးရအစည်းအဝေးတွင် ပြောကြားသည်။

ရုရှားနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုသည် မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောကြားချက်ကို ကိုးကား ၍ ကရင်မလင် က ပြောကြားသည်။

ရုရှားနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ် တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ယခင်က ခန့်မှန်းထားသော်လည်း ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးလာ ကြောင်း ရုရှားနိုင်ငံ သမ္မတပူတင် က ပြောကြားသည်။

ထိုပြင် ယခုကဲ့သို ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး မြင့်တက်ခဲ့ခြင်းသည် အရေးပါသည့် အောင်မြင်မှု တစ်ခုဖြစ်ကြောင်း ညွှန်းဆိုခဲ့ပြီး ယင်းသိုအောင်မြင်ခဲ့ခြင်းသည် နိုင်ငံ၏ပြည်တွင်း စွမ်းဆောင်ရည် ကြောင့်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ စက်မှုထုတ်ကုန် ထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်း ပမာဏ သည်လည်း ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က‌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်