ရခိုင်ဆိုင်တွေမှာစျေးမဝယ်ကြဖို့ ရန်ကုန်နဲ့မန္တလေးက ပြည်သူ​​တွေရဲ့ ဘွိုင်းကောက် လှုပ်ရှားမှုဆောင်ရွက်နေ

ဇန်နဝါရီ ၁၄

ငယ်ရွယ်သည့် ကလေးငယ်များပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် နိုင်ငံဝန်ထမ်းများ တပ်ရင်းတပ်ဖွဲ့များမှ အိမ်ထောင်သည်မိသားစု ၇၀၀ နီးပါးကို စစ်ရာဇဝတ်သင့်စေသည့် လူမျိုးတုန်းသတ်ဖြတ်မှု လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ရခိုင်လက်နက်ကိုင်သောင်းကျန်းသူများနှင့်အတူကျူးလွန်ခဲ့သည့် ရခိုင်လူမျိုးအချို့ကို တုန့်ပြန်သည့်အနေဖြင့် ရခိုင်တွေရောင်းချသည့်ဆိုင်များတွင် စျေးမဝယ်ကြရန် ဘွိုင်းကောက်လုပ်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်နေထိုင်သည့် ပြည်သူများမှ စာရွက်တွေကပ်ပြီး ဆော်အောနေကြကြောင်း သိရသည်။

ယင်းစာရွက်များကို အများပြည်သူသွားလာသည့်လမ်းများက မြင်သာသည့်နေရာများဖြစ်သည့် ဓာတ်တိုင်များ မော်တော်ယာဥ်များ စျေးများနှင့် ရခိုင်လူမျိုးများဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်များတွင် အများဆုံးတွေ့မြင်ကြရသည်။

ရန်ကုန်လူထုများဟာ “ရခိုင်မှာ ရာနဲ့ချီတဲ့တိုင်းရင်းသားတွေ မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရတာ မင်းတို့က ရန်ကုန်မှာ စီးပွားရှာနေသေးတာ မရှက်ကြဘူးလား” ဟု မေးခွန်းထုတ်ထားကြသကဲ့သို့ ရက်စက်ယုတ်မာတဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကိုဝယ်ယူစားသောက် အားပေးတာတွေ ရှောင်ကြဉ်ကြဖို့ကိုလည်း ရန်ကုန်မြို့သူမြို့သားများက တိုက်တွန်းထားကြသည်။

မန္တလေးမြို့တွင် မြို့နေပြည်သူများထုတ်ပြန်ထားသော ရခိုင်များရောင်းချသည့် ဆိုင်မှန်သမျှကိုသွားရောက်ဝယ်ယူခြင်းမပြုကြရန် သတိပေးထားသည့် တားမြစ်စာများအား အများမြင်သာသည့်နေရာများတွင် အများအပြားတွေ့ရသည်။

“စစ်ဖြစ်လို့ နှစ်ဖက်ပစ်ခတ်တာ နှစ်ဖက်သက်ဆိုင်သူတွေ သေကြေတာ မဆန်းပေမယ့် ဝန်ထမ်းတွေ သက်ကြီးရွယ်အိုတွေ မသိနားမလည်သေးတဲ့ကလေးငယ်တွေကို ရက်ရက်စက်စက်သတ်ဖြတ်တာကို လက်မခံတာကြောင့် ခုလိုဆောင်ရွက်ရတာဖြစ်ပြီး လူမျိုးရေးတိုက်ခိုက်လိုတဲ့ဆန္ဒကြောင့် လုပ်ဆောင်တာမဟုတ်ပဲ အပစ်မဲ့တဲ့ ၇၀၀ ဝန်းကျင်ဆိုတဲ့သတ်ဖြတ်မှုမှာ တိုင်းရင်းသားအချင်းချင်းမလုပ်ဆောင်သင့်တာကိုသိလျှက်နဲ့ ရခိုင်လူမျိုးတွေ နှုတ်နေတာကြောင့် ခုလိုလုပ်ဆောင်ရတာဖြစ်တယ်” ဟု မန္တလေးမြို့ခံတစ်ဦးက PAN ကိုပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး နိုင်ငံ့ဝန်ထမ်းများ မိသားစုဝင်များ အများအပြားသေဆုံးခဲ့ရသကဲ့သို့ ဖြစ်စဥ်အတွင်းတွင် အသက်အရွယ် ငယ်ရွယ်သည့်ကလေးသူငယ်များသက်ကြီးရွယ်အိုများလည်းပါဝင်ခဲ့ကြသည်။

“ဖေဖော်ဝါရီလ ၈ ရက်ဟာ နစကရဲ့ သင်္ဘောတွေကို အလဲထိုးကာ အောင်ပွဲရယူနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်တယ်” ဟု ရခိုင်လက်နက်ကိုင်သောင်းကျန်းသူ AA အဖွဲ့က ဓာတ်ပုံံတွေကို ဝေဝေဆာဆာ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြန်ပြောဆိုထားပေမယ့် နစကကတော့ ဖြစ်စဥ်ဖြစ်ပွားသည့် နေ့မှစပြီး ယနေ့အထိ ထုတ်ပြန်ချက် တစ်စုံ တစ်ရာထုတ်ပြန်ပြောဆိုထားခြင်းမရှိပါ။

ရခိုင့်လက်နက်ကိုင် AA အဖွဲ့က ပစ်ခတ် နှစ်မြှပ်လိုက်သည့် ကမ်းထိုးရေယာဥ်များသည် တပ်မတော်မှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသခံများအား ကူညီပေးနေသည့် ကမ်းထိုးရေယာဉ်များဖြစ်ကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews