ဘုတလင်မြို့နယ်၊ မှန်တောကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိ



ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မှန်တောကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက်အလောင်း PDF ၄ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၃ ခု၊ အမ်-၂၂ ကျည်ဆံ ၅၀ တောင့်၊ ၄၀ မမ လက်လုပ်သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၃ လုံး၊ အိုင်ကွန် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

PAN