ချစ်သူများနေ့အတွက် ပန်းမန်ပေါင်း သန်း ၇၀၀ ကျော်ကို တင်ပို့နိုင်ခဲ့သည့် ကိုလံဘီယာ


ဖေဖော်ဝါရီ ၁၄

ကမ္ဘာ့ဒုတိယ ပန်းတင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည့် ကိုလံဘီယာနိုင်ငံသည် ယနေ့ချစ်သူများနေ့အတွက် ပန်းမန်ပေါင်း သန်း ၇၀၀ ကျော်အားတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများသို့ ချစ်သူများနေ့အတွက် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ကိုလံဘီယာစိုက်ပျိုးရေးဌာနမှ ထုတ်ပြန်ထားသည်။

ကိုလံဘီယာနိုင်ငံသည် နှစ်စဉ် ပန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၀၅ ဘီလီယံအထိ ရရှိထားပြီး နယ်သာလန်နိုင်ငံ၏နောက်တွင် ဒုတိယ ပန်းတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ကြောင်းသိရသည်။

ကိုလံဘီယာနိုင်ငံတွင် နှင်းဆီ ဂန္ဓမာနှင့် အရည်အသွေးမြင့်ပန်းများစိုက်ပျိုးထုတ်လုပ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ကော်ဖီတင်ပို့မှုအများဆုံးဖြစ်ပြီး ဒုတိယအနေနှင့် ပန်းတင်ပို့မှုအများဆုံးဖြစ်ကြောင်းသိရသည်။

PAN