ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှပြန်လာသည့် အုပ်ချုပ်​ရေးမှူး နှင့် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီဝင် ၂ ဦးတို့အား လူသတ်အကြမ်းဖက် PDFအဖွဲ့မှ သေနတ်ဖြင့် လိုက်လံပစ်ခက်


ဖေဆဖာ်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာပုလဲကျေးရွာအဝင်၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှ ပြန်လာသည့် အုပ်ချုပ်​ရေးမှူး နှင့် တစ်ရွာတည်းနေ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင် ၂ ဦးတို့ကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် လိုက်လံပစ်ခက်သ​ဖြင့် ၁ ဦး​သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး ဦးသန်း​ဌေး နှင့် တစ်ရွာတည်းနေ ဦးဝင်းကို တို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် ၎င်းတို့​ နေထိုင်ရာ အုတ်ဖိုကျေးရွာသို့ ပြန်လာစဥ် အမည်မသိ လူငယ်​ ၄ ဦးမှ ဆိုင်ကယ် ၂ စီး​ဖြင့် လိုက်လာပြီး သေနတ်အတို ၂ လက်ဖြင့် ပစ်ခတ်​သော​ကြောင့် ဦးဝင်းကို၊ (ဘ)ဦးဖိုးသန်း၊ ၅၃ နှစ်၊ (ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်)တွင် ​နောက်​စေ့​ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-တင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-တံ​ကောက်​ကွေး ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့ပြီး အုပ်ချုပ်ရေးမှုး ဦးသန်းဌေး(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ)မှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှုး ဦးသန်းဌေး နှင့် သေဆုံးသူ ဦးဝင်းကို တို့သည် ယနေ့ ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲမှ အပြန်တွင် အကြမ်းဖက်သမားများက ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

PAN