ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား သုံးသောင်းခွဲကျော် အခွန်ပေးဆောင်ထား


ဖေဖော်ဝါရီ ၁၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာရှိတဲ့ မြန်မာသံရုံးမှာ အခွန်လာရောက်ပေးဆောင်တဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် အထိ ၃၅,၉၁၉ ယောက်ရှိပြီး တစ်ရက်ကို ပျမ်းမျှ ၁,၀၀၀ ဝန်းကျင်ရှိတယ်လို ဘန်ကောက်မြို မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာသံရုံး အနေနဲ့ အခွန်ပေးသွင်းမှု အထောက်အထား(ငွေရပြေစာ)ကို နေ့ချင်းပြီး ထုတ်ပေးနေတယ် လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခွန်ထမ်းပြည်သူတွေအနေနဲ့ အခွန်ပေးသွင်းမှုအထောက်အထား(ငွေရပြေစာ)ကို စနစ်တကျသိမ်းဆည်းဖို လိုအပ်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာ ပြည်တွင်းအခွန်ဦးစီးဌာနမှာ ငွေရပြေစာကိုပြသပြီး မြေကွက်၊ နေအိမ်၊ တိုက်ခန်း၊ မော်တော်ယာဉ်တွေ ဝယ်ယူရာမှာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိရေး အသုံးပြုနိုင်မှာ ဖြစ်တယ်လို သိရပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက် ကနေစတင်ပြီး ထမ်းဆောင်ဖို အမိန့်ကြော်ငြာစာကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

PAN