ဂါဇာကမ်းမြောင်၌ ဖမ်းဆီးခံထားရသောဓားစာခံနှစ်ဦးကို အထူးစစ်ဆင်ရေးဖြင့် အစ္စရေးတပ်များ ကယ်ထုတ်


ဖေဖော်ဝါရီ ၁၃

အစ္စရေးတပ်ဖွဲဝင်များသည် ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများကို အကာအကွယ်ယူ၍ အထူးစစ်ဆင်ရေးတစ်ခုဆင်နွှခဲ့ပြီး ဂါဇာကမ်းမြောင်၌ ဖမ်းဆီးခံထားရသည့် ဓားစာခံနှစ်ဦး ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးစစ်ဆင်ရေးကို အစ္စရေးစစ်ဘက်၊ ရှင်ဘတ် ထောက်လှမ်း ရေးအဖွဲနှင့် အထူးရဲတပ်ဖွဲတို ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆင်ရေး အတွင်း ဖာနန်ဒိုဆိုင်မွန်မာမင်း အမည်ရှိ အသက် ၆၀ အရွယ် အမျိုးသားနှင့် လူးဝစ်ဟာရီ အမည်ရှိ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတိုကို ဓားစာခံအဖြစ်မှ ကယ်တင်နိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားခဲ့သည်။

သိုသော် အစ္စရေး၏ စစ်ဆင်ရေးအတွင်း ဓားစာခံနှစ်ဦး လွတ်မြောက်သွားသော်လည်း ပါလက်စတိုင်း လူမျိုး ၆၇ ဦးသေဆုံး၍ အများအပြားဒဏ်ရာများရရှိခဲ့သည်ဟု ပါလက်စတိုင်း တာဝန်ရှိသူများက ပြောကြားခဲ့ ကြောင်း သိရသည်။

ရာဖာမြိုသည် အစ္စရေးနှင့်ဟားမတ်စ်စစ်ပွဲကြောင့် ဒုက္ခသည်ဘဝရောက်ခဲ့ရသော ဂါဇာ ဒေသမှ ပါလက်စတိုင်းလူမျိုးတစ်သန်းခန့်၏နောက်ဆုံး ခိုလှုရာနေရာဖြစ်သည်။ အစ္စရေးတပ်ဖွဲဝင်များ ကယ်ထုတ်ခဲ့သော ဓားစာခံနှစ်ဦးမှာ ဟားမတ်စ်အုပ်စုက အစ္စရေးတောင်ပိုင်းမြိုများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်က တိုက်ခိုက်ခဲ့စဉ် စုပေါင်းလယ်ယာမြေ စခန်းတစ်ခု၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။