ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားနေ


ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။

ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ဗောဓိကုန်း ခရိုင်ရုံးအနီးတစ်ဝိုက်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ ခွဲအချိန်တွင်လည်း အမှတ် ၂ ရပ်ကွက်ရှိ ဝင်းကြီး ဓမ္မာရာမကုန်းအရှေ့ဘက်နှင့် တောင်စွန်းတံတားအနီး ဘုရင့်နောင်လမ်းပေါ်ရှိ နေအိမ် ၆ လုံး မီးလောင်ကျွမ်းနေပြီး အခြားအိမ်များလည်း မီးကူးစက်နေကြောင်းသိရသည်။

KNLA/PDF အဖွဲ့ဝင်များ ရောက်ရှိနေသည့် အာရှလမ်းမ အမှတ် ၁ ရပ်ကွက် ချောင်းတောင်ကွက်သစ်တွင်လည်း မီးလောင်ကျွမ်းမှုများဖြစ်ပေါ်နေကြောင်းသိရသည်။


ကော့ကရိတ်မြို့ရှိ ရပ်ကွက်အချို့တွင် အကြမ်းဖက် KNLA/PDF အဖွဲ့ဝင်များ ခိုအောင်းနေပြီး ပြည်သူလူထု၏ နေအိမ်များ ဖောက်ထွင်းခိုးယူခြင်း နေအိမ်များ မီးရှို့ခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး ကော့ကရိတ်မြို့ပေါ်တွင် ပြည်သူလူထု၏နေအိမ်များအား ၁၀ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးမှုခဲ့ပြီး အိမ်ပေါင်းရာ နှင့် ချီ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများကဆိုသည်။

PAN