စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်ခနှုန်းထားများ ၃၈၀,၀၀၀ ကျပ် ထိဖြစ်လာ


ဖေဖော်ဝါရီ ၁၂

စစ်တွေမှ ရန်ကုန်သို လာရောက်သူများပြားနေ၍ စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်များသည် ရောင်းကုန်သွားပြီး ဧပြီလမှသာဝယ်ယူရရှိနိုင်တော့မည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ စုံစမ်း သိရပါတယ်။ ဒါ့အပြင် စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်ခနှုန်းထားများမှာ ၃၈၀,၀၀၀ ကျပ် ဖြစ်နေ ကြောင်း သိရပါတယ်။

တိုင်းရင်းသားများနှင့် ရခိုင်ပြည်သူအချိုသည် လေကြောင်းမှ နေ့စဉ်နှင့်အမျှ ထွက်ခွာနေပြီး တစ်ရက် လျှင် အနည်းဆုံး ၅၀၀ နှင့်အထက်ရှိကြောင်း လေကြောင်းလိုင်းများမှ လက်မှတ်အရောင်းဌာနများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရပါတယ်။

စစ်တွေ – ရန်ကုန် လေကြောင်းလိုင်းများမှာ ပုံမှန်အနေဖြင့် မြန်မာ့လေကြောင်း၊ မန်းရတနာပုံနှင့် Air KBZ တိုရှိပြီး တစ်ရက်လျှင် ၆ ကြိမ်ဝန်းကျင် ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်တွင် နယ်မြေ အခြေအနေ မကောင်းချိန်မှစ၍ လက်ရှိအချိန်ထိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ထားတာကြောင့် လေကြောင်းလမ်းတစ်ခုသာ အသုံးပြုနေရသောကြောင့် ဖြစ်ပါတယ်။