ကော့ကရိတ်မြို့နယ်တွင် ရှို့မီးကြောင့် နေအိမ်တချို့နေစဥ်မီးလောင်လျက်ရှိ


ဖေဖော်ဝါရီ ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၃ ရပ်ကွက်ရှိမစိန်ဂျူးဘုရားကျောင်းအနီး အထက ၁ ကျောင်းရှေ့ရှိ အမက ၁ ကျောင်းမှ ဆရာမ ဒေါ်နန်းနွယ် နေအိမ်နှင့် တခြား​နေအိမ် ၁လုံး စုစုပေါင်း ၂လုံး ယနေ့မွန်းလွဲ ၂နာရီ၅၀မိနစ်အချိန်ခန့်က မီးလောင်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်သည့်နေရာတွင် တိုက်က်ပွဲဖြစ်ပွားခြင်းမရှိပဲ မီးလောင်နေကြောင်းသိရသည်။ ယမန်​နေ့ ည ၈နာရီ၁၀မိနစ် အချိန်ခန့်တွင် ကော့ကရိတ်မြို့အာရှလမ်းဘေး အမှတ် ၁ရပ်ကွက် ချောင်းတောင်ကွက်သစ်တွင်လည်း မီးလောင်ခဲ့ကြောင်းသိရှိရပြီး ယနေ့နံနက်ပိုင်းသတင်းအရ နေအိမ်အတော်များလောင်ကျွမ်းခဲ့ကြောင်းသိရှိရသညိ။ ယင်းမီးလောင်ကျွမ်းမူများမှာ ရှို့မီးများဖြစ်ကြောင်း သိရှိရသည်။

#PAN