သထုံမြို့နယ်၊ ဒူးရင်းဆ်ိပ်ကျေးရွာ တံတားရှိ လုံခြုံရေးအဖွဲ့ကိုအကြမ်းဖက်အဖွဲ့များက လာရောက် ပစ်ခတ်တိုက်ခိုက်


ဖေဖော်ဝါရီ ၁၁
ယနေ့ ညသန်းခေါင်ယံအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆ်ိပ်ကျေးရွာ တံတားရှိ လုံခြုံရေးအဖွဲ့ကို အကြမ်းဖက်အဖွဲ့များက လာရောက်တိုက်ခိုက်ကြောင်း သိရပါသည်။

အဆိုပါအကြမ်းဖက် KNU,PDFအဖွဲ့များက လုံခြုံးစခန်းကို ဒရုန်းဗုံးချခြင်း၊ 40 mm များဖြင့် လာရောက်ပစ်ခတ်သဖြင့်
လုံခြုံရေးတပ်ဖွဲ့မှ လိုက်လံပစ်ခတ်ရှင်းလင်းရာ ကဇိုင်းကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေါ်ကြည်၏ ရော်ဘာခြံရှိ အလုပ်သမား ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။

ယနေ့ နံနက် ၇နာရီ ၃၅မိနစ်ချိန်ခန့်ကလည်း သထုံမြို့နယ်၊ ညာဓဝယ်ကျေးရွာအနီးရှိ ခြေမြန်တပ်ရင်း ၁ ကိုလည်း အကြမ်းဖက် KNU,PDFများက ဒရုန်းဖြင့် ဗုံး ၂ လုံးချတိုက်ခိုက်သွားကြောင်းသိရပြီး ထိခိုက်မှုအ‌နေရှိမရှိ မသိရှိရသေးကြောင် မြေပြင်သတင်းပေးပို့ချက်အရ သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews