ဖားကန့်မြို့နယ်နှင့်ဝိုင်းမော်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများနှင့်လူသတ်အကြမ်းဖက်မှုများဖြစ်ပွား


ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နန့်တိန်ကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်မှစတင်ကာ အကြမ်ဖက်KIA,PDFအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရပါသည်။

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာအနီး ဂမ်ကုန်းစခန်း၊ ဂီးဒွန်စခန်းတို့ကို ရိက္ခာပို့မည့်တပ်မတော်စစ်ကြောင်းတစ်ခုကို အကြမ်းဖက် KIA, PDFအဖွဲ့တို့က သာလွန်အင်အားဖြင့် လမ်းမှစောင့်ကြိုကာ ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက် အခြေအနေကို မသိရှိရသေးကြောင်းဒေသခံများထံမှ သိရျှိရပါသညျ။

ဇန်နဝါရီ ၃၁ရက်နေ့ ည ၁၀ နာရီအချိန်ခန့်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာတွင် ကျောက်ပွဲစားလုပ်ကိုင်နေသူများဖြစ်ကြသော ရခိုင်လူငယ် ၂ ဦး ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

ယင်းနေ့ ည ၁၀ နာရီချိန်ခန့်က ရခိုင်လူငယ် ၂ ဦး လုံးခင်းညကျောက်ဝိုင်းမှ ပြန်လာချိန် နွေဦးလေပြေစားသောက်ဆိုင်ခေါက်ဆွဲဝင်စားပြီးအထွက်တွင် နောက်မှကပ်လာသောကားပေါ်မှ လူငယ် ၆ ဦးက လက်နက်ပြကာဆိုင်ကယ်ရပ်ခိုင်းပြီး ကားပေါ်အတင်းဆွဲတင်သွားသည်ကို အနီးအနားရှိလူများက နောက်ဆုံးမြင်လိုက်ရကြောင်း၊
နောက်တစ်နေ့ နံနက်တွင် ထိုပွဲစားရခိုင်လူငယ် ၂ ဦး၏ သေဆုံးနေသည့် အလောင်းများကို လုံးခင်းကျေးရွာသုဿန်အနီးတွင်ချထားခဲ့ကြောင်း သိရှိရပါသည်။

ကျောက်ရောင်းသဖြင့်ရလာတဲ့ ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ဆိုင်ကယ်နှစ်စီး ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများထံမှသိရှိရ သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews