ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ Drone၊ ခဲယမ်း နှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ


ယမန်နေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များမှ ဒရုန်းများဖြင့် Drop Bomb ချတိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း ဒေသခံများ၏ကြိုတင်သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကြိုတင်သိရှိခဲ့၍ လိုအပ်မှုကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့သိရှိရ၍ လုံခြုံရေးအဖွဲ့များက ကင်းပုန်းဝပ်၍ ဆောင်ရွက်နေစဉ် TOYOTA Hilux (ခဲရောင်) ၁ စီးမောင်းနှင်းလာရာ ပစ်ခတ်တိုက်ခိုက်ရာ
TOYOTA Hilux (ခဲရောင်) ၁ စီး၊ Drone ယာဉ် ၂ စီး၊ Drone Controlla ၁ ခု၊ Drone ဘက္ထရီ ၇ ခု၊ Lenovo Laptop ၁ လုံး၊ ပုလဲတပ်ရင်း(၁/၇)တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၄ စုံ၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၁၀ တောင့်၊ Drop Bomb (လက်လုပ်) ၆ လုံးတို့ကို ၎င်းအကြမ်းဖက်အဖွဲ့များချန်ပစ်၍ ကိုယ်အလွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရပြီး ၎င်းတို့၏ အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့‌ကြောင်း သိရှိရပါပါသည်။

#PAN