“ဂါဇာ၌ အစ္စရေး၏ စစ်ရေးအရတုံ့ပြန်မှု အတိုင်းထက်လွန်ခဲ့ကြောင်း သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား”

ဖေဖော်ဝါရီလ  ၁၁

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ စစ်ရေးအရတုံ့ပြန်မှုမှာ အတိုင်းထက်လွန်ခဲ့ပြီဖြစ်ရာ မိမိအနေဖြင့် ရေရှည်တည်တံ့နိုင်မည့် အပစ်အခတ်ရပ်ဆိုင်းရေးသဘောတူညီချက် ရယူရန်ကြိုးစားနေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က  ပြောကြားခဲ့သည်။
ဟားမတ်စ်အုပ်စု၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ငြင်းပယ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရန် သံတမန်များက ကြိုးပမ်း နေစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ထိုသို့သုံးသပ်ခဲ့ခြင်းဖြစ်သည်။
မိမိအနေဖြင့် လက်ရှိသိထားရသမျှ ပြောရမည်ဆိုပါက ဂါဇာကမ်းမြောင်၌ အစ္စရေး၏ စစ်ရေးအရ တုံ့ပြန်မှုမှာ အတိုင်းထက်လွန်ခဲ့ပြီဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။
သမ္မတ ဂျိုးဘိုင်ဒင် ၏ အဆိုပါ ဝေဖန်ချက်သည် ဂါဇာကမ်းမြောင် စစ်ပွဲကာလတစ်လျှောက် အစ္စရေး အစိုးရအား အပြင်းထန်ဆုံးဝေဖန်ချက်ဖြစ်သည်။
ဟားမတ်စ်အုပ်စုက အဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းများမှာ အာရုံလှည့်ဖျားမှုများသာ ဖြစ်ပြီး ဂါဇာစစ်ပွဲကို ဆက်တိုက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အစ္စရေးတပ်များသည် ဂါဇာကမ်းမြောင်ဒေသမှ ရာဖာမြို့ကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews