အကြမ်းဖက်သောင်းကျန်းသူများဘက်မှ ကော့ကရိတ်မြို့ရှိ တောင်ပေါ်ဘုန်းကြီးကျောင်း ဆွမ်းစား ဆောင်နှင့်ဓမ္မရုံများ၏ထိခိုက်ပျက်စီးမူမှတ်တမ်းပုံများဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ဝါဒဖြန့်နေ


ဖေဖော်ဝါရီ ၁၀

အကြမ်းဖက်သောင်းကျန်းသူများဘက်မှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၄ရပ်ကွက် တောင်ပေါ်ဘုန်းကြီးကျောင်း ဆွမ်းစား ဆောင်နှင့်ဓမ္မရုံများ၏ထိခိုက်ပျက်စီးမူမှတ်တမ်းပုံများကို ယနေ့ ၃နာရီ၄၀မိနစ် အချိန်ခန့်တွင် ဆိုရှယ်မီဒီယာပေါ်သို့တင်ထားကြောင်းတွေ့ရှိရသည်။

အဆိုပါ ထိခိုက်ပျက်စီးမူမှတ်တမ်းပုံများမှာ ၅-၂- ၂၀၂၄ နေ့ နံနက်ပိုင်းမှစ၍ ညနေ ပိုင်းထိ အကြမ်းဖက်သောင်းကျန်းသူများသည် ၀ါးရုံတောဘက်မှ ဖြတ်လာ၍ အထက်ရွာအောက်ပိုင်းရပ်ကွက်ဓမ္မာရုံ နောက်ကြားမှ ဖြတ်တက်ပြီးအနီးနားရှိ နေအိမ် ၂ထပ်တိုက်ပေါ်မှ တောင်ပေါ်ကျောင်းဘုန်းကြီးကျောင်းကုန်းပေါ်ရှိ လုံခြုံရေးအဖွဲ့များကို ဒရုန်း ၊ လက်နက်ကြီးများလှမ်းပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းလက်နက်ကြီးများ ပစ်ခတ်မှုကြောင့် တောင်ပေါ်ကျောင်းဘုန်းကြီးကျောင်း မြောက်ဘက်မုဒ်ဦးနားရှိ ၂ထပ်ဆွမ်းစားဆောင် နှင့် တောင် ဘက် မုဒ် ဦးနားရှိ မြေအောက်ခန်းပါ ဓမ္မာရုံတို့ ထိခိုက်ပျက်စီးမူများဖြစ်ပေါ်ခဲ့ရကြောင်း မှတ်တမ်းပုံ များဖြင့်တကွ ပြန်လည်တင်ပြခြင်း ဖြစ်သည်။

#PAN