ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာ ပြည်သူ့စစ်စခန်းကို အကြမ်းဖက်PDFအဖွဲ့လာရောက်တိုက်ခိုက်ရာ အကြမ်းဖက်အလောင်း၊လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိ


ဖေဖော်ဝါရီ ၁၀

ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာ ပြည်သူ့စစ် စခန်းကို KIA/PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားအသုံးပြု၍ လာရောက်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ပြင်းထန်ကြောင်း သိရှိရပါသည်။

ထိုသို့ လာရောက်တိုက်ခိုက်သော်လည်း ပြည်သူ့စစ်အဖွဲ့၏ ခံစစ်အသွင်သဏ္ဍာန်ကောင်းမွန်မှုနှင့် ပါးနပ်မှုကြောင့် ပစ်ကွင်းအတွင်းဝင်တိုလာသောအကြမ်းဖက် PDF ၂ ဦးကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း၊၎င်းတို့၏ ၄၀ မမဆုံလည်လောင်ချာ ၁ လက်၊ M.22 ၁ လက်၊ ၄၀ မမဗုံးသီး ၆ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၄ လုံး၊စကားပြောစက် ၂လုံး၊ ကျည်အိမ် ၂ခု၊၇.၆၂ ကျည် ၁၄၁ တောင့်နှင့်လွယ်အိတ် ၁ လုံးတို့ကို သိမ်းပိုက်ရရှိပြီး အကြမ်းဖက်PDFများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်မတော်စစ်ကြောင်းများက အရှိန်တိုးမြှင့်၍ တည်ငြိမ်ရေးဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက်PDFအဖွဲ့များက ဖြန့်ကြဲ၍ စစ်ရေးကစားသည့်ပုံသဏ္ဍာန်မျိုး လုပ်ဆောင်နေသည့် ရည်ရွယ်ချက်မျိုးဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြကြောင်းလည်း ကြားသိရပါသည်။

#PAN