အယ်လ်နာဆာအသင်းက မန်ယူနောက်ခံလူ ဗာရန်းကို ခေါ်ယူရန် စီစဉ်

ဖေဖော်ဝါရီ ၉

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ မန်ယူအသင်းမှ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းကို တစ်နှစ် ပေါင်သန်း(၅၀)အထိပေးပြီး ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။

ဗာရန်း၏စာချုပ်၌ တစ်နှစ်သက်တမ်း တိုးခွင့်ရှိသည့်အချက် ထည့်သွင်းထားသော်လည်း မန်ယူအသင်းက စာချုပ်သစ် ထပ်မချုပ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေပြီး လက်ရှိတွင် အပြောင်းအရွှေ့အတွက် အခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိနေပါတယ်။

ဗာရန်းဟာ ၂၀၂၁ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့လာပြီးကတည်းက မန်ယူအသင်း၌ တစ်ပတ်လုပ်ခအဖြစ် ပေါင် (၃၄၀၀၀၀) ရရှိနေကာ အသင်း၏လစာအများဆုံးစာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်ပါတယ်။