အမရပူရမြို့နယ်၊လေးစုရပ်ကွက်၊ကံတော်ရပ်တွင်ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား


ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ ကံတော်ရပ်တွင် ယနေ့နံနက် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့်ဖြစ်စဥ်မှာ ဦးမောင်စန်း၏ ၄၀×၃၀ ပေ၊ နံကပ်၊ အုတ်ညှပ်/ပျဉ်ထောင်၊ ၂ ထပ်၊ လူနေအိမ်၏ အောက်ထပ်ရှိ ရေခဲသေတ္တာ Safe Guard အပူ လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့​ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် Dream-110 ဆိုင်ကယ် ၁ စီးနှင့် ဒေါ်ခင်မာကြည်၏ ၇၀×၃၀ ပေ၊ နံကပ်(အုတ်ညှပ်/ပျဉ်ထောင်)(စံပါဘဲ လက်ဖက်ရည်ဆိုင်) နေအိမ် ၁ လုံး၊ ဒေါ်ဝင်းဝင်းသွင်၏ ၂၀×၂၀ပေ၊နံကပ်(အုတ်ညှပ်/ပျဉ်ထောင်)လူနေအိမ် ၁ လုံး၊ ဦးမောင်စန်း၏ ၄၀×၃၀ ပေ၊ နံကပ်(အုတ်ညှပ်/ပျဉ်ထောင်)လူနေအိမ် ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

#PAN