အပြာကတ်ကို ဖီဖာလက်အောက်ခံအဆင့်မြင့်ပြိုင်ပွဲတွေမှာ အသုံးပြုမှာမဟုတ်


ဖေဖော်ဝါရီ ၉

နိုင်ငံတကာဘောလုံး ဘုတ်အဖွဲဟာ (IFAB) ဟာ လာမယ့်ရာသီ တချို့ပြိုင်ပွဲတွေမှာ အပြာကတ်တွေကို စမ်းသပ်အသုံးပြုမယ်လို ထုတ်ပြန်ခဲ့ပေမယ့် ဖီဖာကတော့ သူ့ရဲ့လက်အောက်ခံအဆင့်မြင့်ပြိုင်ပွဲတွေမှာ အပြာကတ် ကို အသုံးပြုမှာမဟုတ်သေးဘူးလို ထုတ်ပြန်လိုက်ပါတယ်။

အပြာကတ်ကို လာမယ့်ရာသီမှာ အင်္ဂလန် FA ဖလားပြိုင်ပွဲနဲ့ လိဂ်ဖလားပြိုင်ပွဲတွေလိုမျိုးမှာ စမ်းသပ် အသုံးပြုဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ဖီဖာကတော့ ဒီစမ်းသပ်မှုတွေက ဖီဖာရဲ့ ပြိုင်ပွဲတွေမှာ အသုံးပြုဖို အချိန်မတန်သေးဘူးလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

အပြာကတ်ပြစ်ဒဏ်ဟာ ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် စောဒကတက်ခြင်း၊ ကွင်းထဲမှာ ရည်ရွယ်ချက် ရှိရှိ ပြိုင်ဘက်ကို စကားနဲ့ပြောဆိုခြင်းတိုအတွက် အသုံးပြုရမှာဖြစ်ပြီးတော့ အပြာကတ်အပြခံရတဲ့ ကစားသမားဟာ ကွင်းထဲကနေ ၁၀ မိနစ်ကြာထုတ်ပယ်ခံရမှာ ဖြစ်ပါတယ်။ အပြာကတ်အပြခံရပြီးသား ကစားသမား တစ်ဦးဟာ နောက်ထပ် အပြာကတ် ဒါမှမဟုတ် အဝါကတ် ထပ်ထိပါကတော အနီကတ်ပြသခံရမှာ ဖြစ်ပါတယ်။