မြန်အောင်မြို့တွင် အကြမ်းဖက်ထောက်ပံ့သူများအား ဖမ်းဆီးရမိ


ဇန်နဝါရီလ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် အကြမ်းဖက်သမားများအား ထောက်ပံ့သည့် လူ ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ PDF တစ်ဦးနှင့် ကြိုက်နေသည့် အကြမ်းဖက်အားပေး CDM ဆရာမတစ်ဦး၏ ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သက်ဖြိုးဝေ (ခ)အငယ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသူ သက်ဖြိုးဝေ(ခ) အငယ်ကောင်၏ ထွက်ဆိုချက်အရ အကြမ်းဖက်ထောက်ပို့ လုပ်ဆောင်နေသူ မြင့်စိန်၊ ၅၈ နှစ်၊ ဇင်အောင်ကို(ခ)ပုသိမ်သား၊ ၂၅ နှစ်၊ ရီရီမြင့်၊ ၅၉ နှစ်၊ စုစုနိုင်၊ ၄၆ နှစ်၊ ရီရီဌေး ၆၄ နှစ်၊ ကျော်ဇေယျာဝင်း(ခ)ဗလကြီး၊ ၃၉ နှစ်တို့အား ဆက်စပ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများသည် အကြမ်းဖက် PDF အဖွဲ့များအား ငွေကြေး ထောက်ပို့လုပ်ဆောင်နေကြောင်း ထွက်ဆိုချက်ရ ကနောင်နယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

PAN