မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


ဖေဖော်ဝါရီလ ၉

မုံရွာမြို့နယ်၊ ကြိုးကြာကန်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မုံရွာမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းအိမ်များကို ကာကွယ်စောင့်ရှောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ၎င်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်း၊ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းများမရှိကြောင်း သိရှိရသည်။ထိုသို့ ပြည်သူများကို အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ဂုဏ်သိက္ခာမဲ့စွာ လုပ်ကြံရေးသားနေပြီး နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews