“ဂျပန်က မြန်မာအလုပ်သမား ၁,၃၀၀ ကျော်ခေါ်ယူမည်”

ဇန်နဝါရီလ ၉

ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမားဦးရေ ၁,၃၀၀ ကျော်ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက  ထုတ်ပြန်ထားပါတယ်။ မြန်မာသံရုံးကို ဇန်နဝါရီလ ၁၆ ရက်ကနေ ၃၁ ရက်အတွင်း ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာတွေအရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
တိုကျိုမြို့က မြန်မာသံရုံးအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပေးပို့ လာတဲ့ အလုပ်ကမ်းလှမ်းစာတွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီ တွေက ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားခြင်းရှိမရှိ စာရွက်စာတမ်းအထောက်အထားများကို စိစစ်ပြီး စိစစ်တွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့  ပြန်လည် ပေးပို့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews