ကန့်ဘလူမြို့နယ်၊ ချပ်သင်းစုပေါင်းလုံခြုံရေးစခန်းကို အကြမ်းဖက်အဖွဲ့များက သာလွန်အင်အားအသုံးပြု၍ လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှုပြင်းထန်


ဖေဖော်ဝါရီ ၉

ယမန်နေ့၊ ည ၆ နာရီအချိန်ခန့်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာစုပေါင်းလုံခြုံရေးစခန်းကို အကြမ်းဖက် PDFအဖွဲ့များက သာလွန်အင်အားများစွာအသုံးပြု၍ လာရောက်တိုက်ခိုက်ကြောင်း သိရပါသည်။

အကြမ်းဖက်အဖွဲ့များဘက်မှ ဒရုန်းများနှင့် စိန်ပြောင်းများစွာတို့ကို အသုံးပြုကာတိုက်ခိုက်လာသဖြင့် ချပ်သင်းလုံခြုံရေးပူး‌ပေါင်းတပ်ဖွဲ့ဝင်များက အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရကြောင်း၊ ည ၉ နာရီ‌ကျော်အချိန်တွင် လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် ခဏတာ ပတ်ခတ်မှု ရပ်စဲသွားကြောင်း သိရှိရပါသည်။

လေကြာင်းပစ်ကူပြန်သွားချိန်တွင် ပြန်လည်ပစ်ခတ်တိုက်ခိုက်လာရာ ယနေ့နံက် ၄ နာရီအချိန်တွင် အကြမ်းဖက်အဖွဲ့များပြန်လည်ဆုတ်ခွာသွားပြီး ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရပါသည်။

အဆိုပါဖြစ်စဉ်တိုက်ပွဲတွင် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးကျဆုံးပြီး လုံခြုံရေအဖွဲ့ဝင် ၄ ဦးတို့ထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို တပ်မတော်စစ်ကြောင်းအဖွဲ့များက မြို့ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် အကြမ်းဖက်အဖွဲ့များက ယခုလို စစ်ရေးကစားကွက်ပုံဖော်လာကြောင်း သိရှိရပါသည်။

PAN