လက်ရှိချန်ပီယံကာတာ နဲ့ ဂျော်ဒန်တို့ တွေ့ဆုံမယ့် အာရှဖလားဗိုလ်လုပွဲ

ဖေဖော်ဝါရီ ၈

မနေ့ညက အီရန်နဲ့ ကာတာတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အိမ်ရှင် ကာတာက အီရန်ကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် ဗိုလ်လုပွဲမှာ ဂျော်ဒန်နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

ဂျော်ဒန်အသင်းက ဆီမီးဖိုင်နယ်မှာ နာမည်ကြီး တောင်ကိုရီးယားကို အနိုင်ယူလာခဲ့တဲ့ အသင်းဖြစ်ပြီး သူတို့ရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် အာရှဖလား ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ထို့ကြောင့် ဒီနှစ် အာရှဖလားဖိုင်နယ်မှာ ချန်ပီယံဟောင်းနဲ့ ချန်ပီယံအတွေ့အကြုံမရှိသေးတဲ့ အသင်း တွေ့ဆုံလာတဲ့ ဗိုလ်လုပွဲလည်းဖြစ်လာပါတယ်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါလေ (၁၀)ရက် မြန်မာစံတော်ချိန်ည(၉:၃၀)နာရီအချိန်တွင် Lusail Stadium ကွင်းကြီး၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။