နေပြည်တော်တွင် ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံကို အိန္ဒိယကျွမ်းကျင်ပညာရှင်များဖြင့် တည်ဆောက်နေ

ဖေဖော်ဝါရီ ၈

နေပြည်တော်တွင် ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံကို အိန္ဒိယကျွမ်းကျင်ပညာရှင်များဖြင့် တည်ဆောက်နေ

ဖေဖော်ဝါရီ ၈
Myanmar Rice Bran Oil Co;ltd ရဲ့ ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံကို နေပြည်တော်တွင် တည်ဆောက်နေပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ ၇ နေ့ နံနက် ၈ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စက်မှုဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်ကောင်စီဥက္ကဋ္ဌ စီမံကိန်းအကြံပေးများ၊ အင်ဂျင်နီယာချုပ်နှင့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌတို့ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ဆန်စပါးကြိတ်ခွဲသန့်စင် ထုတ်လုပ်မှုလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုမှဖွဲနုဆီကို တန်ဖိုးမြှင့်တင်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ ပြည်တွင်းဈေးကွက်အတွက် စားသုံးဆီဖူလုံမှုကို အထောက်အကူပြုနိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ မြန်မာ့လယ်ယာထွက်ကုန်အမယ်သစ်ဖြစ်သည့် ဖွဲနုဆီ၊ ဖွဲနုဆီကြမ်းများကို တင်ပို့ရောင်းချနိုင်ရန်၊ ဖွဲနုဆီထုတ်လုပ်မှု နည်းပညာဖြစ်သော Solvent Extraction Technology ကို ပိုမိုနားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်ခြင်းဖြင့် ဖွဲနုသာမက အခြားသော ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ် (Soya Bean) တို့မှ စားသုံးဆီများကို ပိုမိုတိုးချဲ့ထုတ်လုပ်ဆောင်ရွက်နိုင်ရန်၊ ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှုမှသည် ပြည်တွင်းတိရစ္ဆာန်အစာဈေးကွက်နှင့် မွေးမြူရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံမှုလုပ်ငန်းစဉ်များကိုပါ တစ်တပ်တစ်အား အကျိုးပြုနိုင်စေရန်၊ ဖွဲနုဆီထုတ်လုပ်မှုလုပ်ငန်းကို အောင်မြင်အကျိုးရှိသော လုပ်ငန်းအဖြစ်ထူထောင်ပြီး အလုပ်အကိုင်ဖန်တီးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကျိုးပြုနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#PAN