ဆော်ဒီကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေတဲ့ ၀ိန်းရွန်နီ


ဖေဖော်ဝါရီ ၈

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်ပြီး လက်ရှိအချိန်မှာ နည်းပြလောကသို ဝင်ရောက်နေပြီဖြစ်တဲ့ ၀ိန်းရွန်နီ ဟာ ဆော်ဒီကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေတယ်လို သိရပါတယ်။
ရွန်နီ ဟာ ဇန်နဝါရီလဆန်းပိုင်းမှာ လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး တစ်လအကြာမှာ အသင်းသစ်တစ်သင်းကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ရွန်နီ ဟာ ဒါဘီကောင်တီနှင့် ဒီစီယူနိုက်တက် အသင်းတိုကို ကိုင်တွယ်ခဲ့ဖူးပြီး ကိုင်တွယ်ခဲ့သမျှအသင်းတိုင်းမှာ စာချုပ်သက်တမ်းပြည့်သည်အထိ ဆောင်ရွက်ခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။ ရွန်နီ က သူ့အနေနဲ့ နည်းပြလောကမှာ အောင်မြင်မှုရယူနိုင်မယ်လို ယုံကြည်နေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ ဆော်ဒီကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် လိုလားနေခြင်း ဖြစ်တယ်လို သိရပါတယ်။