ချီလီနိုင်ငံအလယ်ပိုင်း၌ တောမီးလောင်မှုကြောင့် သေဆုံးသူ ၁၃၁ ဦးအထိ ရှိလာ


ဖေဖော်ဝါရီ ၈

ချီလီနိုင်ငံအလယ်ပိုင်း ဗယ်ပါရိုင်ဆိုဒေသတွင် တောမီးလောင်မှုကြောင့် သေဆုံးသူ ၁၃၁ ဦးအထိ ရှိလာ ခဲ့ကြောင်း ချီလီနိုင်ငံ၏ တရားဝင် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနက ဖေဖော်ဝါရီလ ၆ ရက်တွင် ပြောကြား သည်။ ချီလီနိုင်ငံ၌ ဖေဖော်ဝါရီလ ၂ ရက်က ဖြစ်ပွားခဲ့သော အဆိုပါတောမီးလောင်မှုအတွင်း ဖြစ်ပွားသည့်နေ့မှာ ပင် သေဆုံးသူ ၃၂ ဦးရှိခဲ့ကြောင်း သိရသည်။ ဒေသတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးအဖွဲများအားလုံးတိုသည် ဆန်တီယာဂိုမှ ကျွမ်းကျင်ပညာရှင်များ၏ပံ့ပိုးမှုဖြင့် အဆိုပါတောမီးလောင်မှု ဆိုင်ရာ အရေးပေါ်အခြေအနေအား ကိုယ်တိုင်ဖြေရှင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ချီလီနိုင်ငံ၏ တရားဝင်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနက ပြောကြားသည်။

ချီလီအမျိုးသား သဘာဝဘေးကာကွယ်ရေးနှင့် တုံပြန်ရေးဌာနက ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာ အရ တောမီးလောင်မှုကြောင့် မြိုတော် ဆန်တီယာဂို၏ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ ဗယ်ပါ ရိုင်ဆို ဒေသတွင် မြေဧက ဟတ်တာ ၁၁,၀၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသည် ချီလီနိုင်ငံ၌ ဆယ်စုနှစ်ကာလအတွင်း လူသေဆုံးမှုအများဆုံး တောမီးလောင်မှုဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။