တောင်ကိုးရီးယားကလပ် FCဆိုးလ်အသင်းသို့ လင်ဂတ် ပြောင်းရွှေ့

ဖေဖော်ဝါရီ ၈

အသင်းလက်မဲ့ဖြစ်နေသည့် အင်္ဂလန်ကွင်းလယ် တိုက်စစ်ကစားသမား လင်ဂတ်သည် တောင်ကိုရီးယားကလပ် FCဆိုးလ်အသင်းသို့ ပြောင်း ရွှေ့ခဲ့ပြီး စာချုပ်သက်တမ်းမှာ နှစ်နှစ်ဖြစ်ကြောင်း သိရပါတယ်။

လင်ဂတ်ဟာ FCဆိုးလ်ကို ပြောင်းရွှေ့ဖို့မပြင်ခင်တုန်းက ဂျပန်ကလပ် ယိုကိုဟားမားနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဂျပန်လိဂ်မှာ ကစားရင် လင်ဂတ်တစ်ယောက် လစာငွေပိုရမှာဖြစ်ပေမယ့်လည်း ပုံရိပ်မူပိုင်ခွင့် ကြော်ငြာစာချုပ်တွေမှာ အခွင့်အရေးပိုရတဲ့ ကိုးရီးယားလိဂ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။