ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်CDF/PDF အဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းများရရှ်ိ


ဖေဖော်ဝါရီ ၈
ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် အကြမ်းဖက် CDF/PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါထိတွေ့တိုက်ပွဲကို မိနစ်အနည်းငယ်ကြာအပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသလို အကြမ်းဖက် CDF/PDF ၁ လောင်း၊ AK-47 သေနတ် ၁ လက်၊ AK-47 ကျည်အိမ် ၁ ခု၊ AK-47 ကျည် ၆၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံတော်မှ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သောဒေသများကို စစ်ရေးလှုပ်ရှားမှုများအရှိန်မြင့်ဆောင်ရွက်လာရာ နေ့စဉ်အကြမ်းဖက်အဖွဲ့များနှင့်ထိတွေ့မှုများဖြစ်ပေါ်ခြင်း၊ အကြမ်းဖက်အဖွဲ့များ အရှင်ဖမ်းဆီးရမိခြင်း၊အသေဖမ်းဆီးရမိခြင်းနှင့် ၎င်းတို့၏ခြေကုပ်စခန်များ၊၎င်းတို့၏ လက်နက်ခဲယမ်းများ ၊ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း မြေပြင်သတင်းများအရ ကြားသိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews