ကန့်ဘလူမြို့နယ်၊ချပ်သင်းစုပေါင်းလုံခြုံရေးစခန်းကို လာရောက်တိုက်ခိုက်သည့် အကြမ်းဖက်PDFအဖွဲ့များအထိနာ၍ ပြန်လည်ဆုတ်ခွာထွက်ပြေး

ဖေဖော်ဝါရီ ၈


ယမန်နေ့နံနက်ပိုင်းမှယနေ့ မွန်းလွဲပိုင်းအချိန်ထိ အကြမ်းဖက်PDFများမှ သာလွန် အင်အား အသုံးပြုကာ ၅ ကြိမ်ထက်မနည်းစခန်းသိမ်းနိုင်ရန်တိုက်ခိုက်လျက်ရှိရာ ပြည်သူ့စစ်ပူးပေါင်းလုံးခြုံရေးအဖွဲ့မှ အပြင်းအထန်ပြန်လည်ခုခံလျက်ရှိပြီးလေယာဉ်ပစ်ကူအကြိမ်ရေများစွာရယူ၍ အကြမ်းဖက်များကို ချေမှုန်းရာ အကြမ်းဖက်အဖွဲ့များ အကျဆုံးများစွာဖြင့်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါသည်။

ပြည်သူ့စစ်လုံခြုံရေးအဖွဲ့ဘက်မှ ၄ ဦး (မစိုးရိမ်)ဒဏ်ရအနည်းငယ်သာရရှိကြောင်း သိရှ်ိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက်PDFများကို တပ်မတော်စစ်ကြောင်းများမှ ထိုးစစ်ဆင်ချေမှုန်လျှက်ရှိကြောင်းသိရသလို ကောလင်းမြို့အတွင်းသို့ တပ်မတော်စစ်ကြောင်းအဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ ဗန်းမောက်-ဝန်းသို့ မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ ကန်တော်နှင့်ပါယကျေးရွာကြားတွင် ဒဏ်ရာရ အကြမ်းဖက် ၂၀၀ ဦးခန့် စုရုံးရောက်ရှိနေကြကြောင်း သိရှိရပါသည်။