လူငယ်ကစားသမား မိန်နူးကို မြင့်မားသည့်လစာနှုန်းထားဖြင့် သက်တမ်းတိုးရန် မန်ယူအသင်း စီစဉ်

ဖေဖော်ဝါရီ ၇

မန်ယူအသင်းသည် အသင်းအတွက် ခြေစွမ်းပြနေသည့် လူငယ်ကစားသမား မိန်နူးကို မြင့်မားသည့် လစာနှုန်းထားဖြင့် သက်တမ်းတိုးစာချုပ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်ကစားသမား မိန်နူး(၁၈ နှစ်)သည် ၂၀၂၂ ခုနှစ်ကမှ မန်ယူအသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ တစ်ပတ်လစာ ပေါင် (၁၀၀၀၀)သာ ရရှိနေပါတယ်။

သို့သော် ပွဲထွက်ခွင့်ရရှိမှုအပေါ် မူတည်ပြီး လစာတိုးမြှင့်ခံစားခွင့်ရရှိမည်ဖြစ်သောကြောင့် တစ်ပတ်ပေါင်(၂၀၀၀၀)ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

မိန်နူးသည် လက်ရှိအချိန်၌ မန်ယူအသင်းအတွက် ဆက်တိုက်ပွဲထွက်ခွင့်ရရှိပြီး ခြေစွမ်းပြနေသည့်အတွက် မန်ယူအသင်းက ၎င်းကို လစာတိုးမြှင့်ပေးပြီး သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပါတယ်။

မိန်နူးသည် လက်ရှိအချိန်၌ အင်္ဂလန်ယူ-၁၉ အသင်း၏ ကစားသမားအဖြစ် ရပ်တည်နေသော်လည်း မိဘများမှာ ဂါနာမှ ပြောင်းရွှေ့လာသူများဖြစ်သည့်အတွက် ဂါနာဘောလုံးအဖွဲ့ချုပ်က ၎င်းအား ဂါနာလက်ရွေးစင်အသင်းအတွက် ကစားပေးရန် ကြိုးပမ်းနေကြောင်းလည်း သိရပါတယ်။