ရောဘာခြံသို့အသွား သောင်းကျန်းသူများ ထောင်ထားသော မိုင်းနင်းမိ၍ အရပ်သားပြည်သူ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ


ဖေဖော်ဝါရီ ၇

ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထောင်ကေးအပိုင်း၊ ကရုပ္ပိကျေးရွာ၌ ရောဘာခြံသို့အသွား သောင်းကျန်းသူများ ထောင်ထားသော မိုင်းကိုနင်းမိပြီး အရပ်သားပြည်သူ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသွားသူမှာ သံဖြူဇရပ်မြိုနယ်၊ ကရုပ္ပိကျေးရွာ၊ ထောင်ကေးအပိုင်းတွင်နေထိုင်သည့် ဒေါ်မလေး၊ အသက် ၅၂ နှစ်၊ (ဘ)ဦးအကျိုင်း ဖြစ်ပြီး ရောဘာခြံသို့အသွား သောင်းကျန်းသူများ ထောင်ထားသော မိုင်းကိုနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မလေး၏ ဘယ်ဘက်ခြေထောက် ပြတ်ရှဒဏ်ရာနှင့် ညာဘက်ခြေထောက် စုတ်ပြဲဒဏ်ရာများ အသီးသီးရရှိသဖြင့် ကရုပ္ပိကျေးရွာနာရေးကူညီမှု အသင်းမော်တော်ယာဉ်ဖြင့် သံဖြူဇရပ်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ထားရကြောင်း သိရသည်။

PAN