မုံရွာမြို့နယ်၊ ကျပိုင်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၇

ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျပိုင်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံးခြုံရေး ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည် အကြမ်းဖက် PDF များသိမ်းဆည်းထားခဲ့သော ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

သိမ်းဆည်းမိသော ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများမှာ လက်လုပ်မိုင်းမျိုးစုံ ၂၁ လုံး၊ ၁၂ ဗို့ ဘက္ထရီအိုး ၄ လုံး၊ ဝါယာကြိုး ၇ ခွေ၊ နိုင်လွန်ကြိုး ၁ ခွေတို့ဖြစ်ကြောင်း သိရှိရပြီး ဖေဖော်ဝါရီ ၃ ရက်နေ့ ကလည်း နဂါးတွင်းကျေးရွာနှင့် လယ်တော်ကျေးရွာကြားတွင် မုံရွာခရိုင်အကြမ်းဖက် PDF ရင်း (၅)တပ်စိတ်မှူးဆိုသူ စိုးမြတ်မင်း(ခ)အာဗြဲဆိုသူကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

PAN