ဖေဖော်ဝါရီလ ၁ဝ ရက်မှစ၍ လားဟူနှစ်သစ်ကူးပွဲတော်ကို ၇ ရက်ကြာ ပြုလုပ်မည်


ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ လားဟူတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများတွင် လားဟူတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း လားဟူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(တာချီလိတ်) ဥက္ကဋ္ဌ ဦးယေရှဲ ၏ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ လားဟူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၁ဝ ရက်မှ စတင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်ထိ (တပို့တွဲလဆန်း ၁ ရက်မှ တပို့တွဲလဆန်း ၇ ရက်) ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

လားဟူတိုင်းရင်းသားများရဲ့ ပွဲတော်အတွင်း လက်ဆေးမင်္ဂလာပွဲပြုလုပ်ခြင်း၊ ရိုးရာထင်းရှူးပင်စိုက် သရုပ် ပြခြင်း၊ ခေါပုတ်ထောင်းခြင်း၊ ဂျင်ပေါက်ကစားခြင်း၊ အပျိုလူပျိုလှည့်သည့်ဓလေ့၊ ဘောလုံးပေါက်ကစားခြင်း စတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကစားပွဲများ၊ ပွဲတော်များကိုပါ ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

PAN