ကောလင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ အကြမ်းဖက် KIA/PDF များကို ပစ်ခတ်ရှင်းလင်း


ဖေဖော်ဝါရီ ၇

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေကြီး၊ ကောလင်းမြို့နယ်၊ အောင်ချမ်းသာကျေး ရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် KIA/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်းများနှင့် လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိကြောင်း သိရှိရပါသည်။

အဆိုပါနေရာတွင် အကြမ်းဖက် KIA/PDF အဖွဲ့များရှိကြောင်း နယ်မြေခံလျှိုဝက်သတင်းပေးပို့ချက်အရ နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ သွားရောက်ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့များနှင့် ထိပ်တိုက်တွေဆုံပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA/PDF အကြမ်းဖက် ၈ လောင်း၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ ပန်ကာ ၄ လက်ပါဒရုန်း ၁ စီးတို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။

နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့များက ကောလင်းမြို့နယ်အတွင်း ခြေကုပ်ယူထားသော အကြမ်းဖက် KIA/PDF များကို ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

PAN