အီး-စီးကရက်၊ ရှီရှား တို့ကို လူငယ်များ ရှောင်ရှားကြရန် ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက သတိပေး


ဖေဖော်ဝါရီ ၆

အီး-စီးကရက်၊ ရှီရှားနှင့် အခြားသော အပူပေးရသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ ကုန်ပစ္စည်းများ (HTPs)ကို သုံးစွဲခြင်းသည် သုံးစွဲသူများ၏ကျန်းမာရေးကို ဆိုးဝါးစွာပျက်စီးစေနိုင်သောကြောင့် လူငယ်များ အနေဖြင့် ရှောင်ရှားကြရန် ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၄ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။
အီး-စီးကရက်၊ ရှီရှားနဲ့ HTPs များက ဒီဇိုင်းအားဖြင့် လှပစွာထုတ်လုပ်ထားပြီး လူငယ်တွေကို စွဲလမ်းမှု တွေ ဖြစ်စေတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၄ ခုနှစ်မှစ၍ အီး-စီးကရက်၊ ရှီရှားနှင့် HTPs များတင်သွင်းခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ အသုံးပြုခြင်းတိုကို တားမြစ်ထားသော်လည်း အချိုသော ကိုယ်ကျိုးရှာသူများက ထိုပစ္စည်းများ သည် ဆေးလိပ်ဖြတ်ရန် အကောင်းဆုံးသော ပစ္စည်းများဖြစ်သည်ဟု လိမ်လည်လှည့်ဖြားကာ အွန်လိုင်းပေါ်မှ တစ်ဆင့် ရောင်းချမှုများရှိနေသည်။
တကယ်တမ်းတွင် အီး-စီးကရက်၊ ရှီရှားနှင့် HTPs များက ကျန်းမာရေးအတွက်သာမက လူ့အသိုင်းအဝိုင်း အတွက်ပါ ဘေးအန္တရာယ်ဆိုးတွေကို သက်ရောက်စေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အီး-စီးကရက်နှင့် HTPs တိုတွင် နီကိုတင်းဓာတ်ပမာဏများပြားစွာ ပါဝင်သောကြောင့် ၎င်းတိုမှတစ်ဆင့် ရရှိသည့် ကျန်းမာရေးဆိုးကျိုးသည် ဆေးလိပ်သောက်ခြင်း၊ ဆေးခြောက်သုံးစွဲခြင်း အစရှိသည်တိုကြောင့်ရသည့် ကျန်းမာရေးဆိုးကျိုးထက်ပင် ပိုမိုဆိုးဝါးသည်။

အလားတူ ရှီရှားသည် အဆိပ်အတောက်ပမာဏ များပြားစွာပါဝင်ကြောင်း၊ ၎င်းထုတ်ကုန်များအားလုံး သည် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါ တိုကို ဆိုးဝါးစွာဖြစ်ပေါ်စေသည့်အပြင် ဦးနှောက်ဖွံဖြိုး တိုးတက်မှုကို ဆုတ်ယုတ်စေကာ အချိန်မတိုင်မီမီးဖွားခြင်း၊ မြုံခြင်း၊ အစာအိမ်ကင်ဆာနှင့် ဆီးအိမ်ကင်ဆာ တိုကိုပါ ဖြစ်စေနိုင်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုကြောင့် လူငယ်များအနေဖြင့် ထိုအရာများကို တစ်ကြိမ်တစ်ခါမျှပင် မစမ်းသပ်ကြရန်နှင့် အီး- စီးကရက်၊ ရှီရှားနှင့် HTPs တိုကို ဆေးလိပ်ဖြတ်ရန် အစားထိုးသုံးစွဲနိုင်သည်ဟူသော ကြော်ငြာများကို မယုံကြည်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။

PAN