အကြမ်းဖက် KIA အဖွဲ့က သိမ်းပိုက်ထားသော နန့်တိန်ရှေ့တန်းစခန်းကို တပ်မတော်ဘက်မှ ပြန်လည်ထိုးစစ်ဆင် ချေမှုန်း


ဖေဖော်ဝါရီ ၆

ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်ရှေ့တန်းစခန်းကို အကြမ်းဖက် KIA အဖွဲ့မှ သိမ်းပိုက်ထားသည့်အတွက် တပ်မတော်ကပြန်လည် ထိန်းချုပ်နိုင်ရေး ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က တန်ပြန်ထိုးစစ်ဆင်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖားကန့်မြို့ ၊ ကျောက်ဖျာကျေးရွာတွင် ယမန်နေ့ က တပ်မတော်စစ်ကြောင်းအဖွဲ့နှင့် အကြမ်းဖက် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရသည်။

အဆိုပါနေရာသို့ တပ်မတော်လေနှင့် တပ်မတော်စစ်ကြောင်းမှ စစ်ကူဝင်ရောက်ရှင်းလင်းပေးနေကြောင်း၊ ဖားကန့်မြို့၊ တပ်မကုန်းမှလည်း လက်နက်ကြီး ပစ်ကူပေးကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေကြောင်း လုံးခင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

PAN