လူသတ်အကြမ်းဖက် PDF အဖွဲ့ က ပေါက်မြိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌနှင့်အဖွဲ့ဝင် ၂ ဦးအား လုပ်ကြံသတ်ဖြတ်


ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေ ဦးမွန်ကျော်၊(ယခင်ကျေးရွာအုပ်ချုပ်ရေးမှုး၊ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ)နှင့် ဦးနိူင်ဝင်း(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်)နှစ်ဦးတို့အား ယနေ့နံနက် ၁ နာရီအချိန်ခန့်က လူသတ်အကြမ်းဖက် PDF အဖွဲ့ မှ လုပ်ကြံသတ်ဖြတ် ခဲ့ကြကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ဦးမွန်ကျော်၊ ၆၅နှစ်၊ (ဘ)ဦးလှကို၊ နေအိမ်၌ အိပ်နေစဥ် အကြမ်းဖက်သမား ၁၀ ဦးခန့် နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ဦးမွန်ကျော်ထွက်ခဲ့ ထွက်ခဲ့ဟု အော်ဟစ်ခေါ်နေသဖြင့် ဦးမွန်ကျော်မှ နေအိမ်အရှေ့ဘက်သို့ ထွက်ပြေးခဲ့ရာ အကြမ်းဖက်သမားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့​​ကြောင်း၊ ၎င်းနောက် ဦးနိူင်ဝင်း၊ ၆၁ နှစ်၊ (ဘ)ဦးဝင်းမောင်၊ နေအိမ်သို့ သွားရောက်ပြီး ဦးနိူင်ဝင်း၏ အမည်ကို အော်ဟစ်ခေါ်ခဲ့ရာ ဦးနိူင်ဝင်းမှာလည်း ထွက်ပြေးခဲ့ရ​​​ကြောင်း၊ ၎င်းတို့ထွက်ပြေးရာနောက်သို့ လိုက်လံ၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးမွန်ကျော်တွင် ယာဘက်ပါးမှ ဖောက်ဝင်ဒါဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကျည် ဖောက်ထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့​​ကြောင်း၊ ဦးနိူင်ဝင်းအား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ဦးနိူင်ဝင်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြကြောင်း သိရှိရပါသည်။

လူသတ်အကြမ်းဖက် PDF များသည် စစ်ကိုင်းမြို့နယ်ဘက်မှ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာသို့ စက်လှေဖြင့် ဧရာဝတီမြစ်အား ဖြတ်ကူးလာရောက်ခြင်းဖြစ်ပြီး ဦးမွန်ကျော်နှင့် ဦးနိူင်ဝင်းတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီးနောက် စက်လှေဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

PAN