လင့်ဇ်အိုးပင်းပြိုင်ပွဲ၌ အော်စတာပန်ကို ချန်ပီယံဆု ရရှိ


ဩစတြီးယားနိုင်ငံ၊ လင့်ဇ်မြိုမှာ ကျင်းပနေတဲ့ လင့်ဇ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဆီဒင် အဆင့် (၁) ရထားတဲ့ လတ်ဗီးယားတင်းနစ်မယ် အော်စတာပန်ကို ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အော်စတာပန်ကို နဲ့ ရုရှားတင်းနစ်မယ် အလက်ဇန်ဒရိုဗာ တို အကြိတ်အနယ် ကစားခဲ့ရပါ တယ်။

အလက်ဇန်ဒရိုဗာ က WTA ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ တင်းနစ်မယ်ဖြစ်လို ဗိုလ်လုပွဲအတွေ့အကြုံရှိ သလို အော်စတာပန်ကို ကလည်း အခုပွဲမှာ ချန်ပီယံဖြစ်ဖိုကို ထိပ်ဆုံးကရေပန်းစားနေသူပီပီ လက်စွမ်းပြ ကစားနိုင်ခဲ့ ပါတယ်။ ဗိုလ်လုပွဲစဉ် ကစားနေချိန်မှာတော့ အော်စတာပန်ကို ရဲ့ လက်စွမ်းပိုင်းက ပိုကောင်းခဲ့သလို အဆုံးသတ် ရိုက်ချက်တွေကလည်း အလက်ဇန်ဒရိုဗာ ထက် ပိုကောင်းခဲ့တာ တွေ့ရပါတယ်။

ပွဲအပြီးမှာ အော်စတာပန်ကို က (၆း၂၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကစားသမားဘဝရဲ့ ၈ ခု မြောက် WTA ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အဒီလိုင်ဒီပြိုင်ပွဲမှာ အနိုင်ရထားတဲ့ အော်စတာပန်ကို အတွက် အခုရရှိတဲ့ချန်ပီယံဆုဟာ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယမြောက်ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။