ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၌ စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ရထားတွဲဆိုင်းများဖြင့် မကြာမီပြေးဆွဲသွားမည်


ဖေဖော်ဝါရီ ၆

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် ခရီးသည်များ စိတ်အေးချမ်းသာစွာ စီးနင်းနိုင်ရေးအတွက် စပိန်နိုင်ငံမှ ဝယ်ယူထားသည့် DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ တွဲဆိုင်းသစ်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပြေးဆွဲ အသုံးပြုရန်အတွက် စပိန်နိုင်ငံမှ နိုင်ငံအခြေစိုက် ရထားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Construcciones y Auxiliar de Ferrocarriles (CAF) ထံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခေတ်မီ DEMU ဒီဇယ်လျှပ်စစ် ရထားတွဲဆိုင်းသစ်များအနက် ပထမအသုတ်အဖြစ် (၆)တွဲပါ တွဲဆိုင်းသည်ဖေဖော်ဝါရီ ၄ ရက်က BBC ONYX သင်္ဘောဖြင့် ရန်ကုန် သီလဝါဆိပ်ကမ်းသို့ စတင်ရောက်ရှိခဲ့ပြီး တွဲဆိုင်းသစ်များကို ဆိပ်ကမ်းမှ ချယူဆောင်ရွက်လျက်ရှိကာ မကြာမီ စမ်းသပ်ပြေးဆွဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

PAN