နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း နဲ့ ထိုင်းဘတ် သန်း ၂၀၀ ထပ်မံ ရောင်းချပေးခဲ့


ဖေဖော်ဝါရီ ၆

ဖေဖော်ဝါရီလ ၅ ရက်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးခဲ့တယ်လို ဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကလည်း အမေရိကန်ဒေါ်လာ ၁၃ သန်းကို သွင်းကုန်လုပ်ငန်းများ အဆင်ပြေ စေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်ထဲ ရောင်းချပေးခဲ့တယ်လို ဆိုပါတယ်။ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတည်းအတွင်း အမေရိကန်ဒေါ်လာ ၇၉ သန်းကျော် ရောင်းချပေးခဲ့ပြီး လက်ရှိ ဖေဖော်ဝါရီ လမှာတော့ ဒုတိယအကြိမ်အဖြစ် နိုင်ငံခြားငွေများဖြစ်တဲ့ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေများကို ရောင်းချပေး ခဲ့တာ ဖြစ်ပါတယ်။