အောင်မင်္ဂလာအဝေးပြေးကွင်း မီးလောင်မှုဖြစ်ပွားရာလူသုံးဦး သေဆုံး


ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းတွင် ယနေ့နံနက် ၄နာရီ၅၅မိနစ်အချိန်ခန့်က ရွှေလင်းယုန်ယဥ်လိုင်းဂိတ်မှစတင်မီးလောင် မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်၅နာရီ ၄၈မိနစ် အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့​ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ရွှေလင်းယုန်ယာဥ်လိုင်း၊ သိန်းသန်းကျော်ယာဥ်လိုင်း၊ ဝင်းယာဥ်လိုင်း၊ အောင်ကျော်ဇောယာဥ်လိုင်း၊ ရွှေယုန်လေးယာဥ်လိုင်း၊ ရာဇာမင်းယာဥ်လိုင်း၊ မန္တလာမင်းယာဥ်လိုင်း၊ ဂိတ်အခန်းလွတ်တခန်း တို့မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ရွှေလင်းယုန် ကားဂိတ်အတွင်းမှ အလုပ်သမားညစောင့်အိပ်နေသူ မျိုးသူရကျော်၊ ၂၄နှစ်သည် မီးလောင်နေစဥ် ကော်ရေပုံးအပြာအတွင်း ဝင်ရောက်ပုန်းခိုနေစဥ် မီးလောင်မှုကြောင့်သေဆုံးလျှက်တွေ့ရှိရကြောင်း၊ ထို့ပြင် အပျက်အစီးများရှင်းလင်းရာတွင် အမျိုးသား ရုပ်အလောင်း ၂ လောင်းထပ်မံတွေရှိရကြောင်း ကနဦးသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews