ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို အမေရိကန်ထပ်မံတိုက်ခိုက်


ဖေဖော်ဝါရီ ၅

အမေရိကန်သည် ယီမင်နိုင်ငံအတွင်းရှိ ဟူသီများကို ယမန်နေ့ တနင်္ဂနွေနေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ ဗဟိုထိန်းချုပ်ရေးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်ခဲ့သည့်နေရာများတွင် အမိန့်ပေးထိန်းချုပ်သည့်နေရာများ လက်နက်သိုလှောင်သည့်နေရာများနှင့် လေ့ကျင့်ထောက်ပံ့သည့်နေရာများကို တိုက်ခိုက်ခဲ့ကြောင်း သမ္မတဘိုင်ဒန်ကပြောသည်။ တိုက်ခိုက်မှုတွင် ယီမင်နိုင်ငံ Sana’a ဒေသတွင် ရပ်ကွက်တစ်ခုလုံး ကြီးမားသည့်ပေါက်ကွဲမှုကြီးကို မြင်တွေ့ခဲ့ရကြောင်းသိရသည်။

အမေရိကန်တပ်ဖွဲ့များသည် ပင်လယ်နီအတွင်းသို့တိုက်ခိုက်ရန်ပြင်ဆင်ထားသည့် ကုန်းတွင်းတိုက်ခိုက်ရေး ဒုံးကျည်တစ်စင်းနှင့် သင်္ဘောဖျက် ဒုံးကျည် လေးစင်းကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် နိုင်ငံတကာကုန်သွယ်မှုကို ထိခိုက်ခဲ့ပြီး ရေလမ်းကို ရှောင်ရှားရန် သင်္ဘောကုမ္မဏီအများစုကို တွန်းအားပေးခဲ့သည်။ အဆိုပါအခြေအနေကြောင့် စူးအက်တူမြောင်းမှ ရရှိသည့် ၎င်းတို့ဝင်ငွေသည် ဇန်နဝါရီလ အတွင်း ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး လွန်ခဲ့သည့်လတွင် ကုန်သွယ်မှုလမ်းကြောင်းမှဖြတ်သန်းသွားလာသည့် သင်္ဘောအရေအတွက် သုံးပုံတစ်ပုံကျော်ကျဆင်းသွားကြောင်းသိရသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော အီရန်ကျောထောက်နောက်ခံ လက်နက်ကိုင်အဖွဲ့ ၁၇ ဦး၏ ရုပ်အလောင်းများကို ကိုင်ဆောင်ကာ စုဝေးဆန္ဒထုတ်ဖော်ခဲ့သည်။

PAN