အမေရိကန် အမျိုးသား၏ ကားဂိုဒေါင်တွင် နျူကလီယား ဒုံးကျည်ကို တွေ့ရှိခဲ့

ဖေဖော်ဝါရီ ၄

       ဝါရှင်တန်ပြည်နယ်ရှိ အမျိုးသားတစ်ဦး၏ ကား ဂိုဒေါင်တွင် တွေ့ရှိခဲ့သည့် သံချေးတက်နေသော ဒုံး ကျည်သည် အမှန်တကယ်ပင် သက်မဲ့ နျူကလီးယား ဒုံးကျည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

   သူ့အိမ်နီးနားချင်းပိုင်ဆိုင်သည့် စစ်တပ်အဆင့် ဒုံးပျံတစ်စင်း လှူဖို့ ကမ်းလှမ်းရာ Bellevue မှာရှိသော လေ တပ်ပြတိုက်ကို ဖုန်းဆက်ပြီး အာဏာ ပိုင်များကို ဆက်သွယ်ခဲ့သည်။ သူ၏ အိမ်နီးနား ချင်းက ထိုပစ္စည်းကို အိမ်ရောင်းပွဲမှ ဝယ်ခဲ့သည်ဟု ဆိုပါသည်။

      Bellevue ရဲတပ်ဖွဲ့မှ ဗုံးတပ်ဖွဲ့နည်းပညာရှင်များက ၎င်းသည် 1.5 kt W25 နူကလီးယားထိပ်ဖူးကို သယ် ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် Douglas AIR-2 Genie အမျိုးအစားဖြစ်ပြီး၊  ထိပ်ဖူးတပ်ထားခြင်း မရှိသလို ပေါက်ကွဲမှုအန္တရာယ်လည်း မရှိကြောင်း ၎င်းတို့က ပြောကြားခဲ့ သည်။ Bellevue ရဲဌာနမှ ပြောရေးဆို ခွင့်ရှိသူ Seth Tyler က အဆိုပါကိရိယာသည် “အခြေ ခံအားဖြင့် ဒုံးပျံလောင်စာအတွက် ဓာတ်ငွေ့တိုင် ကီ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

      Genie သည် ပထမဆုံးနျူကလီးယားလက် နက်ဖြစ်သော ဝေဟင်မှ ဝေဟင်ပစ်လက်နက်ဖြစ်သည်။ ၎င်းသည် “အမေရိကန်လေတပ်မှ တပ်စွဲထားသမျှထဲမှ အပြင်းထန်ဆုံး ကြားဖြတ်ဒုံး ကျည်” ဖြစ်သည်ဟု ၎င်းက ဆိုသည်။ Genie ၏ထုတ်လုပ်မှုသည် ၁၉၆၂ ခုနှစ်တွင်အဆုံးသတ်ခဲ့သည်။

      ရဲတပ်ဖွဲ့က အဆိုပါ ပစ္စည်းသည် လုံခြုံမှုရှိကြောင်းနှင့် ၎င်းအား ပြတိုက်တစ်ခုတွင် ပြသရန်အတွက် ပြန်လည်ထားရှိရန် ဆုံးဖြတ်ခဲ့သည်ဟု Yahoo! News က ဖော်ပြထားသည်။

#PAN